ကရင်ပြည်နယ်

တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ ကတိသစ္စာပြု

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဦးစောမြင့်ဦး ဘားအံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ကတိသစ္စာပြုကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်လွှတ်တော်တွင် မိန့်ခွန်းပြောကြား၍ အဆိုပါမိန့်ခွန်းကို ပြည်နယ်လွှတ်တော်တွင်မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲဆုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံ တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၉ ရက်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌ မီးငြိမ်းသတ်ရေးတွင် စွမ်းစွမ်းတမံ ငြိမ်းသတ်ခဲ့သူများအား ဂုဏ်ပြု

ဘားအံမြို့ ကော့သင်းရှူးကျေးရွာအုပ်စု လှိုင်ကားကျေးရွာရှိ ရှမ်းလေးဆီဆိုင် အမှတ်(၃) မီးလောင်မှုတွင် စွမ်းစွမ်းတမံ မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဧပြီ ၈ ရက် နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ကျင်းပသည်။

နွေရာသီကာလ ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသားသော “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန် ဖွင့်လှစ်

သံလွင်မြစ်ရေကျချိန်တွင် ပေါ်ထွန်းလာသော ဖြူလွလွသဲသောင်ပြင်ကြီးပေါ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းညဈေးအနီးတွင် ကျင်းပသည်။

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံတံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၇ ရက် နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မြို့နယ်(၇)မြို့နယ်မှ ကြက်တောင်ရိုက်အသင်း(၇)သင်း၊ အားကစားသမား ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။

တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့ ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၂ ဦးအနက် ၂၁ ဦးတက်ရောက်ကြသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ဘားအံမြို့၌ အလုပ်သမားနေ့အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲမဟာမင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း

ကရင်ပြည်နယ် အလုပ်သမားနေ့အခမ်းအနားကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။

လိပ်သိုဒေသတွင် ရာသီစာမှန်ကူသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၂၂)ဦးအနက် (၂၁)ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။
Subscribe to ကရင်ပြည်နယ်