ကရင်ပြည်နယ်

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြော

ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဘားအံမြို့ လုမ္ပနီဥယျာဉ်နှင့် ဇွဲကပင်တောင် အတက်အဆင်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခရီးစဉ်ဒေသများ၌      ခရီးသွားမိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်းမြေ့စွာ လည်ပတ်သွားလာ အပန်းဖြေနိုင်စေရေးအတွက် သန့်ရှင်း သာယာလှပစေလိုသည့်ရည်ရွယ်ချက်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဇွန် ၁၃ ရက် နံနက်ပိုင်းက လုမ္ပနီဥယျာဉ်နှင့် ဇွဲကပင်တောင် အတက်အဆင်း လမ်းတစ်လျှောက်၌ ဆောင်ရွက်သည်။

မြိုင်ကလေးအမှတ်(၂) ဘိလပ်မြေစက်ရုံတန်(၄၀၀၀)၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲဖြင့် ကြီးမြန်သစ်မျိုး ၁၂၀၀ ပင် စိုက်ပျိုး

ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်) ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ မြိုင်ကလေး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)၌ ကြီးမြန်သစ်မျိုး ၁၂၀၀ (တစ်ထောင့်နှစ်ရာ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့်လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မူးယစ်ဆေးဝါးများအန္တရာယ်၊ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ကြခဲ့သည်။

မြဝတီမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဌာနနှစ်ပတ်လည်အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန်လ (၁၅)ရက်နေ့ တွင်ကျရောက်မည့် (၃၁)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း(၁၃)ဦးက ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက လှိုင်းဘွဲမြို့နယ် (ဂ)ရပ်ကွက်ရှိ  အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ထိရောက်မှန်ကန်စွာပေါင်းစပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို ဇွန် ၁၁ ရက် နံနက်(၁၀)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၁ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား၊ ကျောင်းသူများကို “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့နံနက်ပိုင်း၌ အ.ထ.က(ခွဲ) ကြာအင်းဆိပ်ကြီးကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ကရင်ပြည်နယ်