ကရင်ပြည်နယ်

ဆန်စပါးအပါအဝင် အဓိကစိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ (၂)ရက်ကြာ ကျင်းပခဲ့ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင် တက်ရောက်၍ အဓိကသီးနှံများ လျာထားဧက ပြည့်မီကျော်လွန်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်း (TOT)ဖွင့်လှစ်

နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးနှင့် ဥပဒေအကာအကွယ်ကို အညီအမျှ ရရှိစေရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက်ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT)ဖွင့်ပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ နှစ်ရှည်၊ နှစ်တိုသီးနှံပင်များစိုက်ပျိုးခြင်းဖြင့် အသက် မွေးဝမ်းကျောင်းလျက်ရှိရာ ငှက်ပျောမျိုးစုံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဘားအံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်အတူ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှုခြင်းနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံပွဲ ကျင်းပ

ကရင်ပြည်နယ်အစိုးအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့သည်  ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ယ‌နေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  လှိုင်ဝတံတားအနီးရှိ CCT Tha Best စက်သုံးဆီအရောင်းဆိုင်၊   အမှတ်(၂) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်ကျောင်းကျောင်းဆောင်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များရှိ မီးလောင်ပျက်စီးနေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အမှတ်(၃)ရပ်ကွက်၊ အောင်မင်္ဂလာလမ်း လမ်းဘေးရေနုတ်မြောင်း  ပြန်လည်ပြုပြင်နေမှု၊  မြေသားလမ်းအား ကွန်ကရစ်လမ်းဖောက်လုပ်နေမှု အ‌ခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ‌‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။  ထိုနောက် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ အခမ်းအနားကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲကို ဒေါနခန်းမတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးစယဉ်ဌေးက အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေမှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ထောက်ပံ့ပေးမှု၊ NGO အဖွဲ့များ၊ အလှူရှင်များ လှူဒါန်း‌ပေးမှု၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ ဆွေးနွေးပြောကြားသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင် သုတ/ရသ စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာ၌ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

လိပ်သိုဒေသ၌ တညင်းစတင်ဆွတ်ခူးချိန် ပေါ်ဉီးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးလျက်ရှိရာ မိုးရာသီကာလ အပိုဝင်ငွေရရှိစေရန် တညင်းပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြသည်။

ကရင်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆ခုနှစ်)နှင့်အညီ တရားစီရင်းရေးနှင့်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ အရည်အသွေးများကောင်းမွန်လာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၈ နာရီက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်