ဘားအံမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို မဲပေးစက်တွင် အတည်ပြုတပ်ဆင်ခြင်း ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM) မဲပေးစက်တွင် အတည်ပြုတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ရုံးတွင် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကရင်ပြည်နယ်မဲပေးစက်ဆိုင်ရာ တာဝန်ခံဝန်ကြီးဦးညီညီဇော်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။