ချင်းပြည်နယ်

ဟားခါးမြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ ချင်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တာဝန်ရှိသူများ ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မိုခါ (MOCHA) မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်လာပါက  အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ခြင်း ဆိုင်ရာလုပ်ငန်းတာဝန်များ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကယ်ဆယ်ရေးနှင့်အထောက်အကူပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

တီးတိန်မြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်ပါက အန္တရာယ်ရှိ၍‌ ပြောင်းရွှေ့သော ယာယီပြောင်းရွှေ့စခန်းသို့ ခရိုင်မှူး သွားရောက်ကြည့်ရှု

ချင်းပြည်နယ် တီးတိန်မြို့၌ မုန်တိုင်းကျရောက်ပါက လူနေအိမ်အန္တရာယ်ရှိ၍ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအမံဖြင့်‌ ပြောင်း‌ရွှေ့သော ယာယီခိုလှုံရာစခန်းခွာ ဒိုခန်းမသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ ယနေ့သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၁ ရက်နေ့   နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

ဟားခါးမြို့ပေါ်ရှိ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ယာယီခိုလုံရန် သတ်မှတ်ယာယီစခန်းများသို့ ပြောင်းရွှေ့နိုင်ရေး ကူညီဆောင်ရွက်

ဟားခါးမြို့ပေါ်ရှိ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်ကြသော ပြည်သူများအား ဟားခါးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မေလ ၁၁ ရက်နေ့မှစ၍ ယာယီခိုလုံရန် သတ်မှတ်ယာယီစခန်းများသို့ ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ဆုံးရှုံးမှုလျော့ပါးစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းမျက်နှာစာကွင်းပြင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။

ခရိုင်နှင့်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်၊ မြေပြိုမှုဖြစ်ပွားနိုင်သည့် နေရာများ ကြည့်ရှုစစ်ဆေး

ဟားခါးခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ စုပေါင်းရုံးရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

တွန်းဇံမြို့တွင် ဆိုလာဘက်ထရီရှော့ဖြစ်ပြီးဘက်ထရီအိုးပေါက်ကွဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ် တွန်းဇံမြို့ ခေါဝုန်‌လေးဆန်ရပ်ကွက်မြို့မရဲစခန်း‌တောင်ဘက် (၅) ဖာလုံအကွာ တွင် ဦးပေါင်ဟောက်ကျင့် (ဘ) ဦးခိုင်လျန်းခမ်၏ နေအိမ်မှ မေလ (၇) ရက်နေ့လည် (၁၁၂၅) အချိန်က ဆိုလာဘက်ထရီရှော့ဖြစ်ပြီး ဘက်ထရီအိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
Subscribe to ချင်းပြည်နယ်