ဟားခါးမြို့၊ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပ
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနား ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဌာနဆိုင်ရာဝာာဝန်ရှိသူများ တက်ရောက်ကြသည်။