ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကျင်းပ
ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးဝင်းမောင်၊ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။