ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂ ရက်နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ ပါဝင်သော မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိသည်။

စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မသန်စွမ်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ဖွင့်လှစ်ရာ ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာမများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး တက်ရောက်

(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စိစစ်နေမှုအား သွားရောက်ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ  အကျဉ်းသား၊ အကျဉ်းသူ (၁၆) ဦး လွတ်မြောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ  အကျဉ်းသား၊ အကျဉ်းသူ(၁၆)ဦး လွတ်မြောက်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စစ်တွေမြို့နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပမည်

စစ်တွေမြို့တွင် ထင်ရှားကျော်ဇောသည့် လူပုဂ္ဂိုလ်များပေါ်ထွန်းခဲ့သည့် မြို့လည်းဖြစ်ကြောင်း၊ အာရှနေဝန်းဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ သူဌေးကြီး ဦးရဲကျော်သူနှင့်၎င်း၏သားဖြစ်သူ ဥပဒေပညာရှင် ဦးချန်ထွန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းခဲ့ကြကြောင်း၊ ထိုကဲ့သို့ သမိုင်းကြောင်းများနှင့် ပြည့်နက်နေသည့် စစ်တွေမြို့သည် ယခုလာမည့် ဇန်နဝါရီလတွင် နှစ်(၂၀၀) ပြည့်မြောက်မည်ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားသည်။
Subscribe to ရခိုင်ပြည်နယ်