ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့်လမ်းများတွင် ဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဌာနဆိုင်ရာရုံးများတွင် ဆိုလာမီးများ တပ်ဆင်ထားရှိမှုကြည့်ရှုစစ်ဆေး
စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် လမ်းများတွင် ဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင်မြင်ခဲ့သောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။