ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။