ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးသည့် အခမ်းအနားတက်ရောက်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း အခမ်းအနား တက်ရောက်ကြပြီး (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပို့စတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။