ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့တွင်၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အားပေး 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး  ပြည်နယ်လမ်းဦးစီးဌာနပိုင် ယာဉ် ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မိုးရာသီတွင် ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိုးရာသီတွင်ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများ သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြသည်။

ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ လိုအပ်သည့်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ လိုအပ်သည့်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားအနေကဇာတင်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်ကြီး၏ (၅၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားအနေကဇာတင်ပွဲနှင့် ၁၃၈၈ ခုနှစ်၊ ရခိုင်ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့် ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) တက်ရောက်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးသည့် အခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း အခမ်းအနား တက်ရောက်ကြပြီး (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပို့စတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုနှင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်