ကျောက်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်၊ အသက် (၂) နှစ်အောက်ကလေး၊ အသက် (၇၅) နှစ်အထက် သက်ကြီးရွယ်များနှင့် မသန်စွမ်းသူများအား လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ငွေများ ပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ထိခိုက်လွယ်အုပ်စုဝင်များ ဖြစ်ကြသောကိုယ်ဝန်ဆောင်မိခင်၊ အသက်(၂)နှစ်အောက်ကလေး၊ အသက်(၇၅)နှစ်အထက် သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။