မိုင်းယောင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြု ကျေးရွာစာကြည့်တိုက်ဖွင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဝမ်ဘိုးအုပ်စု၊ နားဖန်းခေတ်မီစံပြကျေးရွာရှိ “နားဖန်းခေတ်မီစာကြည့်တိုက်” ၌ ကျင်းပခဲ့သည်။