ရှမ်းပြည်နယ်

မူဆယ်မြို့တွင် သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်မဏ္ဍပ်များတွင် လူစည်ကား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးရှိ ဗဟိုမဏ္ဍပ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်မဏ္ဍပ်များတွင် လူစည်ကားလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်၌ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ စတုဒိသာမဏ္ဍပ်များဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ကို စည်ကားစွာဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့်  မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊စတုဒီသာမဏ္ဍပ်နှင့် DJမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်က မြို့တော်ခန်းမရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

နောင်ချိုမြို့ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အကျနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကျနေ့အား ဆက်လက်ကျင်းပရာ နောင်ချိုမြို့ စွယ်တော်ရိပ်ကားဝင်း အတွင်းရှိ ဗဟိုမဏ္ဍပ်၌ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ‌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ‎ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပင်းတယ၊ အောင်ပန်းနှင့် ရပ်စောက်ကားလမ်းမပေါ်ရှိ သဘာဝပုန်းတလုတ်ရေကန်သာမြောက်ဘက် ဈေးတန်းရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့တွင် ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပ

နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်သည် ယနေ့ဆိုလျှင် သင်္ကြန်အကျနေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ပူပြင်းလှသည့် နွေနေပူပူတွင် ကျင်းပရသည့် ပွဲတော်ဖြစ်သော်လည်း အတာရေချမ်းကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှလုံးအေးမြ ငြိမ်းချမ်းစေသည့်အတွက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင်လည်း ပြည်သူများ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို ခမ်းခမ်းနားနားစည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

သီပေါမြို့နယ် မဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသော ပြည်သူများ၏ ရင်တွင်းစကားသံများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသော ပြည်သူများ၏ ရင်တွင်းစကားသံများ-

မိုင်းယောင်းမြို့တွင် ရှေးဟောင်းဘုရား လှည့်လည်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့တွင် “ဖကျောက်တစ်” ဆုတောင်းပြည့် ရှေးဟောင်းဘုရားဆင်းတုတော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ခိုလမ်မြို့၌ သင်္ကြန်အကျနေ့တွင် အတာရေပက်ကစားသူများဖြင့် စည်ကား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့တွင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများ၊ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအကများ၊ တေးဂီတဖျော်ဖြေ တင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မယ်ဆွမ်မြောက်ရပ်ကွက်၊ အနော်ရထာလမ်းကြီးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ယမန်နေ့မှစတင်၍ နောင်ချိုမြို့ စွယ်တော်ကားဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်