ရှမ်းပြည်နယ်

မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မယ်ဆွမ်မြောက်ရပ်ကွက်၊ အနော်ရထာလမ်းကြီးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ယမန်နေ့မှစတင်၍ နောင်ချိုမြို့ စွယ်တော်ကားဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ သင်္ကြန်အကြိုနေ့တွင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော် (အကြိုနေ့) လမ်း‌လျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီက ကလောမြို့ နာရီစင်အနီး၊ မင်းလမ်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလောတပ်နယ်မှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများနှင့် ယိမ်းအကအဖွဲ့ဝင်ကျောင်းသူများ၊ မြို့ပေါ် (၁၁) ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များနှင့် ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မဟာသင်္ကြန်အကျနေ့ ယနေ့နံနက် (၈) နာရီက ဗထူးခန်းမရှေ့၊ ပြည်သာယာလမ်းရှိ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၃) ရက်နေ့ ညနေ (၅) နာရီက သီရိမင်္ဂလာသာသနာ့ဗိမာန်ရှေ့ ဟိုပုံးမြို့မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

လွိုင်လင်မြို့၌ ချယ်ရီမြေ လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲကျင်းပ

၁၃၈၇ ခုနှစ် ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ချယ်ရီမြေလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့ ညနေ (၄) နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးအနီး၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသည်။

မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးရှိ ဗဟိုမဏ္ဍပ်တွင် ၂၀၂၆ ခုနှစ်၊ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့ စွယ်တော်ရိပ်ကားဝင်းအတွင်းရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ အမှတ် (၁၃၂) ခြေလျင်တပ်ရင်းမှ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်အကြိုနေ့ယနေ့တွင် အမှတ် (၁၃၂) ခြေလျင်တပ်ရင်းမှ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပသည့် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ရှေ့တွင် ဒေသခံလူငယ်လူရွယ်များနှင့် အနယ်နယ်အရပ်ရပ်မှလာရောက် လည်ပတ်ကြသည့် လူငယ်လူရွယ်များ ရေကစား၍ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း တွေ့ရသည်။
Subscribe to ရှမ်းပြည်နယ်