နမ့်စန်လေတပ်စခန်းဌာနချုပ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့ဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို မြို့နယ်အတွင်း နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက နမ့်စန်လေတပ်စခန်းဌာနချုပ် CGI ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ပြီး နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။