လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။