မိုင်းနောင်မြို့တွင် ရှမ်းပြည်နယ် သဘာဝတောရေထွက်၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေ အသုံးပြုလျက် ရေထွက်တောထိန်းသိမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ရှမ်းပြည်နယ် သဘာဝတောရေထွက်၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေအရ အများပြည်သူများ အသုံးပြုလျက်ရှိသည့် လုံယန်းကျေးရွာ ရေထွက်တွင် ရေထိန်းတောထိန်းသိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။