လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ရန်နိုင်အောင် မြတ်စွာဘုရား" အား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ရန်နိုင်အောင် မြတ်စွာဘုရား" အား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။