ရှမ်းပြည်နယ်

တာချီလိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

‎လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လားဟူဈေးအနီးရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။

ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာ၌ လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်းကြီးဌာနညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနသည် ပထမရက် (၁၀၀)ကာလအတွင်း (သက်တန့်ရောင်)စီမံချက်ဖြင့် လူမှုစီးပွားဘဝမြှင်တင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေပြင်ကွင်းဆင်း ခြင်းကို မေ ၂၉ရက် နံနက်ပိုင်း က အင်းလေးဒေသ မင်းချောင်း(နောက်) ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ခေါင်နှံမျိုးသန့်ပွားစိုက်ခင်းအတွက် ခေါင်နှံဖြင့် ပျိုးထောင်မှုသရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီက နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈) တောင်သူ ဦးစိုင်းမြင့်ဝေ၏ လယ်မြေနေရာတွင် DU-12 မျိုး ခေါငနှံမိုးစပါး စိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချပျိုးထောင်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

မိုင်းရယ်၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-ဆင်းဧကရီ-၃စပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို မေ ၂၈ ရက်နံနက် ၇ နာရီက မိုင်းလွေကျေးရွာရှိ တောင်သူဒေါ်နန်းရှဲန်ဖောင်း၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ရာသီဥတုပြောင်းလဲမှုနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်းနှင့် ဈေးပတ်လည်ရှိ လမ်းမများ၌ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇  ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက်နံနက် ၈ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

ရပ်စောက်၌ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်း‌ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ညောင်သုံပင်ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောက်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၂၈ရက်နေ့နံ ၁၀ နာရီက ညောင်သုံးပင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်