ရှမ်းပြည်နယ်

အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းမိသားစုဝင်များ၊ ပြည်သူများ လှိုက်လှဲစွာကြိုဆို

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ်၊ လောပိတရေအားလျှပ်စစ် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ အမှတ်(၆၆)ခြေလျင်တပ်ရင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြု ကြိုဆိုကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌‌ရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုင်းရှူးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ သက်ကြီးရွယ်အို မိဘပြည်သူများရဲ့ လူနေမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့နဲ့ ရေရှည်ဘဝလုံခြုံမှုရှိစေဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ Global Grace Pindaya Hotel တွင် ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် Age Myanmar ၊ (Older Persons Self – Help Groups)မှ သက်ကြီးရွယ်အိုမိပြည်သူများရဲ့ လူနေမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့နဲ့ ရေရှည်ဘဝလုံခြုံမှုရှိစေဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပသည်။

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရှမ်းပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)  ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)များ ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၇)မြို့နယ်တို့တွင် ယမန်နေ့မှစတင်၍ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ကျေးသီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မြို့မဈေးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်ဦးစီးဌာန ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ တီဘီရောဂါရှာဖွေခြင်းနှင့် အခမဲ့ကုသ‌ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် တီဘီရောဂါရှာဖွေရေး၊ ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနေရာ၌ ကွင်းဆင်းလာ‌ရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ် (မြို့နယ်အဆင့် ဆင့်ပွား)သင်တန်းဆင်းပွဲကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်