ရှမ်းပြည်နယ်

လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)  ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)များ ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၇)မြို့နယ်တို့တွင် ယမန်နေ့မှစတင်၍ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ကျေးသီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မြို့မဈေးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်ဦးစီးဌာန ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ တီဘီရောဂါရှာဖွေခြင်းနှင့် အခမဲ့ကုသ‌ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် တီဘီရောဂါရှာဖွေရေး၊ ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနေရာ၌ ကွင်းဆင်းလာ‌ရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ် (မြို့နယ်အဆင့် ဆင့်ပွား)သင်တန်းဆင်းပွဲကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ၂၀၂၆ ခုနှစ် ဟိုပုံးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပသည်။

ကျောက်မဲမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၃) ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း (အထက - ၁) သီရိရတနာခန်းမ၌ ကျင်းပသည်။

လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပရာ ဘင်ခရာအဖွဲ့ကျောင်းသား ကျောင်းသူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများအား အလေးပြု၍ ကြိုဆိုခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျန်းမာရေးကဏ္ဍာဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့သည် မေလ ၂၄ ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၈၄)တွင် လမ်းညွှန်ချက်များနှင့်အညီ စတင်လက်ခံလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်