ရှမ်းပြည်နယ်

ဖယ်ခုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖယ်ခုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ခိုလမ်မြို့ ဝမ်စိမ်းကျေးရွာ တိုက်နယ်ဆေးရုံတွင် ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ခိုလမ်မြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေမွန် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ ဝမ်စိမ်းကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်(၇)မှ ပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၇ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အဖြစ်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ အသားနှင့်ဥကဏ္ဍဖွံ့ဖြိုးရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ညပိုင်းက လွိုင်လင်-ပင်လုံရှိ ကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

ရပ်စောက်မြို့နယ် မိုးစပါး မျိုးနှင့် သွင်းအားစု ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့၊ ပင်ဖြစ်ကျေးရွာရှိ ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား ရက် (၁၀၀) စီမံချက်ဖြင့်မိုးစပါး စိုက်ပျိုးသောအသင်းသား(၃၆)ဦး၏ (၂၉၆)ဧကအတွက် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ သွင်းအားစုပံ့ပိုးငွေဖြင့်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်မဲခရိုင်/မြို့နယ်ရုံး၌ မီးဘေးကာကွယ်ရေး အသိပညာပေး၍ လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲခရိုင်/မြို့နယ်ဦးစီးမှူးရုံးရှေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခန်းမ၌ မေလ (၁၉) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ပြည်နယ်တင်ဒါ လက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေး ဆရာအသင်းရုံး၌ ကျင်းပသည်။

မိုင်းခုတ်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးသတ်ဆေးဘူးထားရှိမှုစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဌာနဆိုင်ရာရုံးများတွင် မီးချိတ် မီးကတ်နှင့် မီးသတ်ဆေးဘူးများထားရှိမှုအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် ခိုလမ်မြို့၌ ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ က အဆိုပါရုံးရှေ့တွင် ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်