ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ဓမ္မာရုံ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တွေ့ဆုံသည်။