ရှမ်းပြည်နယ်

ကလောမြို့၌ ၂၀၂၆ ခုနှစ်၊ Grade 10 လူရည်ချွန်မောင်မယ်များအား ကြိုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့၌ မေလ ၆ ရက်နေ့နံနက် ၁၀ နာရီခွဲက မြို့ဝင်ရှိ ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းမောင်နှံရုပ်မှ ပြည်ထောင်စုလမ်းမကြီးတလျှောက်တို့တွင် Grade 10 လူရည်ချွန်မောင်မယ်များအား ဘင်ခရာတပ်ဖွဲ့မှ‌ ဦးဆောင်၍ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ‌ကြောင်း သိရသည်။

သီပေါမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခန့်ဝေယံနှင့် ဝန်ထမ်းများက အစိုးရသစ်ကာလရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ အသစ်ပြုလုပ်ပေးခြင်းတို့ကို အဖွဲ့များခွဲ၍ အုတ်ကျင်းရပ်ကွက်နှင့် ဘော်ကြိုကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့၌ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချ

​ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖိတ်ခေါ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရအသက်၁၀နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ၅ရက်နေ့က နောင်ချိုမြို့နယ် ဦးစီးမှူးရုံးစိုက်ရာ စျေးရပ်ကွက် မြို့လယ်ဓမ္မာရုံသို့ဖိတ်ခေါ်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဖာချယ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြုပညာပေးသင်တန်းကို ယမန်နေ့မနက်ပိုင်းက မြို့မအုပ်စု၊ ဆန့်ကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့၌ ပြီးပြည့်စုံသော အရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းဖွင့်ပွဲကျင်းပ

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးပါသည့်အတွက် ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်အတန်းပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြီးပြည့်စုံသောအရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းဖွင့်ပွဲကို ယမန်နေ့ မနက်ပိုင်းက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ အစည်းဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန နှစ် (၈၀) ပြည့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီခွဲက တောင်ကြီး-ဟိုပုံးမြို့အထွက် (၂) မိုင်တောင်ကြီး ခရိုင်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်သည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို မေ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်