ဟဲဟိုးမြို့၌ သွားကျန်းမာရေးကွင်းဆင်း ကုသပေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တိုက်နယ်ခန်းမ၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ သွားဘက်ဆိုင်ရာ ပါမောက္ခများ ဦးဆောင်သော ဘွဲ့လွန်သင်တန်းသား ဆရာဝန်များအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်မှစ၍ သွားကျန်းမာရေးဆိုင်ရာ အခမဲ့ကုသပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။