ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် မေ ၂ ရက်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရောက်ရှိ၍ ပြည်နယ်ဝန်ကြီး သည်တာဝန်ရှိသူများနှင့်အတူ လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး)ရုံးရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ပြည်နယ်ရုံးခန်း၊ ခရိုင်ရုံးခန်း၊ အစည်းဝေးခန်းမ၊ ကွန်ပျူတာခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမနှင့် ဘက်စုံသုံးခန်းမများကို လည့်လှည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး၏ တင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။