ရန်ကုန်တိုင်းဒေသကြီး

ဒုတိယဝန်ကြီးဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းမှ ဘက်စုံသားဖွားသင်တန်းသူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့လေ့လာရေးလာရောက်

ရန်ကုန်တိုင်ဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်း၊ ဘက်စုံသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ဘာသာရပ် စာတွေ့လက်တွေ့ သင်ကြားရန်ယမန်နေ့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ မေတ္တာစံအိမ်မှ မူးယစ်ဆးဖြတ်သင်တန်းသားများအား မိဘများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်တွင် ခေတ္တရောက်ရှိ၍ ပြန်လည်ထူထောင်မှုခံယူနေသော  မူးယစ်ဆေးဖြတ်သင်တန်းသားများအား မိဘများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်ထိရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားရာ တာမွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တာမွေမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်ထိရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားရာ တာမွေမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ ရှစ်သောင်းသုံးထောင်ကျော်အထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမတွင် လမ်းလယ်လျှပ်စစ်မီးတိုင် (၁၀၈) တိုင်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်တွင် မော်တော်ယာဥ်နှင့် လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သင်္ဃန်းကျွန်းမြို့နယ်တွင် အဖွဲ့များခွဲကာ လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖွင့်လှစ်ထားသော ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကပ်၍ ကြေညာထားရှိမှုအား ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်ပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုမှုအပေါ် တာဝန်ရှိသူများမှ စက်တင်ဘာ ၃၀ ရက်နေ့နံနက် ၁၀နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်များအလိုက် စတင်ကပ်ထားကြေညာထားရှိမှုအား တာ၀န်ရှိသူများ လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က စတင်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆက်လက် ကပ်ထားကြေညာထားကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှိုင်မြို့နယ်အတွင်းသို့ (အခမဲ့)ကွင်းဆင်းကုသ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က (၁၂) ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ လှိုင်မင်္ဂလာခန်းမ၌ ရပ်ကွက်နေပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး