ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်း ရပ်ကွက်များအလိုက် စတင်ကပ်ထားကြေညာ

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၃ ရက်နေ့နံနက် ၇ နာရီ အချိန်မှစတင်ကာ ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်​မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားခြင်းများအား လိုက်လံကြည့်ရှု့စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (င/ခ)ရပ်ကွက်၊ (င/က)ရပ်ကွက်၊ (ဆ/က)ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ (ဆ/ခ)ရပ်ကွက်၊ ဇဝနရပ်ကွက်နှင့် ကျိုက္ကဆံအနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများသို့ ယမန်နေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်လျှပ်စစ်မန်​နေဂျာဦးထွန်းမင်းစိုးနှင့် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းကလိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာမှု ပြည်သူများ လာရောက်ကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက်မှ စတင်၍ ကပ်ထားကြေညာခဲ့ရာ ယနေ့တွင်လည်း ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း လှိုင်သာယာ(ရှေ့ပိုင်း)မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် စက်တင်ဘာ ၂၆ ရက်နေ့နံနက် ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဒေသဖွံ့ဖြိုး တိုးတက်မှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေဿကြီး သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သဘင်ဆောင်တွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး