ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားလျက်ရှိရာ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လာရောက်ကြည့်ရူ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအလိုက်ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့နံနက် ၆ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ရှိရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု၊ စုစုပေါင်း(၆၂)တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။