ရန်ကုန်တိုင်းဒေသကြီး

ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြား(၁)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)၊ အကျယ်အဝန်း (၃၅×၄၀)ပေရှိ RC နှစ်ထပ်၊ အဆောက်အဦ၏ အပေါ်ထပ်အကျယ်အဝန်း(၁၅×၄၀)ပေအခန်းတွင် ယမန်နေ့ည(၁၀)နာရီ(၄၀)မိနစ်အချိန်က အဲယားကွန်းအတွင်းပန်ကာ၏ မော်တာ အပူလွန်ကဲပြီး မီးစထွက်ရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး‌ မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ်ဆရာ၀န်လောင်းများက (ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ် ဆရာ၀န်လောင်းများက(ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်မားရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သန်လျင်မြို့နယ် အ.ထ.ကကျောက်ရေတွင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က ကျောက်ရေတွင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအားမှော်ဘီမြို့နယ် ကံကုန်းကျေးရွာလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်တာဝန်ရှိဝန်ထမ်းများက ကွန်ကရစ်ခင်းခြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နေရာသို့သွားရောက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

တွံတေးမြို့နယ် ရွှေလှေချောင်(တွံ)ကျေးရွာအုပ်စု မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်(တွံ)ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က ရွှေလှေချောင်(တွံ)ကျေးရွာအုပ်စု၊ တမွတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သောရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စက်တင်ဘာ (၂၅)ရက်နေ့နံနက်ပိုင်းက  (ဆ)ရပ်ကွက်နှင့် ဥက္ကာ (၁)လမ်းတို့တွင်  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး