ရန်ကုန်တိုင်းဒေသကြီး

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် စပါးခင်းရေနစ်မြုပ်မှု မရှိစေရေးနှင့် ကမ်းပြိုမှုမရှိစေရေး ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယခုရက်ပိုင်းအတွင်း မိုးရေချိန် (၁.၄) လက်မဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများနှင့် မြစ်ကမ်းပါပြိုကျမှု ရှိ/ မရှိကို စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ

ကျောက်တန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

သန်လျင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၁၁) နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင်း ကျွန်း၏အရှေ့ဘက် ကမ်းနားလမ်းဘေးတွင် ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းဖြစ်ပေါ်နေသော နေရာအား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက စုပေါင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်းတွင် စက်တင်ဘာ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးများကုသပေးခြင်းကို စက်တင်ဘာ ၂၆ နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ဒေသန္တရဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး