ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့်ဆီးချိုရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဝေဘာဂီကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့၏ ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ်ကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီက အချိန်(ဇ)ရပ်ကွက်၊ က္ကန္ဒာ ၁ လမ်းရှိ စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာကျော်၀င်းရေးသားသည့် "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ ‌

မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(အကြို) ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် အ‌မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

လသာမြို့နယ်၌ ဆုံဆို့မေးခိုင် (DT) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း ဆောင်ရွက်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဉ်ဖြင့် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဉ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (အခမဲ့) ဆောင်ရွက်ပေးကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၊ မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး(Oravacs) နောက်ဆုံးအကြိမ်ဆက်လက်တိုက်ကျွေးပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၅ နှစ်မှ ၇ နှစ် ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs) အား နောက်ဆုံးအကြိမ်တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဆက်လက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အခမဲ့ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး