ရန်ကုန်တိုင်းဒေသကြီး

တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက် ​​အောင်မြေလူထုဓမ္မာရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လျာထားမဲရုံထားရှိမည့်နေရာများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ  လျာထားမဲရုံးထားရှိမည့်နေရာများကို   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်ကာ    ယမန်နေ့ည‌နေ ၃ နာရီ ၃၀ မိနစ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ကကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းအဝေးကျင်းပ

၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ယမန်နေ့နံနက်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ကွင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ   မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုအသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မဲပေးစက်ဆိုင်ရာ   အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ MYANMAR FALA FALA, MYANMAR XIANG RUI, ASIA LINK MYANMAR. နှင့် HEIMITE Co.,LTD တို့တွင် ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်၌ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မြို့နယ်ကုသရေးဦးစီးဌာန ဆေးရုံများတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်တတ်သောရောဂါများ ကုသသောနေ့အဖြစ်သတ်မှတ်၍ ပြည်သူလူထုအား စောင့်ရှောက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီ၌ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့၌ အ.မ.က(သရက်ကုန်း) စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၉း ၀၀)နာရီက အ.မ.က(သရက်ကုန်း)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။

တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး