ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးမြို့နယ်တွင် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်း အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း တစ်ထောင် လေးရာခြောက်ဆယ့်ရှစ်ဦးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် သုဝဏ္ဏစစ်ကိုင်းစာသင်တိုက်ဝန်းအတွင်း ယနေ့နံနက်ပိုင်းအချိန်က (၂၄) ရပ်ကွက်၊ ရပ်ကွက်နေပြည်သူများအား သင်္ဃန်းကျွန်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

တိုက်ကြီးမြို့နယ်၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးရောင်းချပေးသည့် ဓာတ်မြေဩဇာဖိုးငွေများ သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ကောက်ခံရေးနှင့် ဧက ၅၀ လျှင် မျိုးစေ့ချကိရိယာတစ်လက်နှုန်း ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် အခြေခံစားကုန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးလိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအခြေခံစား သောက်ကုန်များဝယ်ယူစားသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချသောအခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိကို ယနေ့နံနက်ကဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလိုက်လံ စစ်ဆေးနေကြကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများ ‌ရေဝင်နစ်မြုပ်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရန်းပြုတ်ထွက်မှုနှင့် သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေကျဆင်းမှုတို့အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများအတွင်းသို့ ရေဝင်နစ်မြုပ်မှု၊ လယ်မြေများ ရေဝင်ရောက်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရမ်းပြုတ်ထွက်မှုနှင့် တံတားကြမ်းခင်းပျက်စီးမှုအခြေအနေ၊ သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေများကျဆင်းမှုအခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေးနှင့်သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ  အခြေခံပညာကျောင်းများ၌   ကျောင်းသား/သူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အလက(ခွဲ) ဗိုလ်ချုပ်၊ မူလွန်(၂)ကျောင်း၊ ညောင်လေးပင်  မူလွန်နှင့်ကံသာမြင့် မူလွန် ကျောင်းတို့၌ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး