လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေဥက္ကံကျေးရွာအုပ်စုတွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီ၌ ရေဥက္ကံကျေးရွာအုပ်စု ဗန်းမော်အတွင်း၀န်လမ်း စိန်မြဓမ္မသာလဓမ္မပါလဓမ္မာရုံတွင် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။