ရန်ကုန်တိုင်းဒေသကြီး

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ ရတနာမြိုင်သာယာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း ‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်းများ ဆောင်ရွက်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ နည်းစနစ်မှန် သွားတိုက်ခြင်းလှုပ်ရှားမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က After Lunch tooth-brushing activity ကိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့ပါသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ မဲပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ပိုင်းခွဲကာ (၁၄၀) ရပ်ကွက် သာသနာ့ရက္ခိတဓမ္မာရုံနှင့် (၁၄၁) ရပ်ကွက် မဟာဗန္ဓုလဓမ္မာရုံတို့တွင် ဆောင်ရွက်ကြသည်။

သန်လျင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ပြိုင်ပွဲများနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ညောင်သုံးပင် (၁) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာ‌ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၇)ရက်နေ့နံနက်ပိုင်းက  ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကိုကိုးကျွန်း အ.ထ.ကတွင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင်  ကိုကိုးကျွန်းမြို့နယ် အ.ထ.ကကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက် ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားအား စက်တင်ဘာလ ၁၇ ရက် ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သင်္ဃန်းကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်ဒေသကြီး အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး