တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။