ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့ရှိ INYA LAK EHOTEL တွင် လူငယ်ကြက်ခြေနီမူဝါဒ မိတ်ဆက်အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း “လူငယ်ကြက်ခြေနီမူဝါဒမိတ်ဆက်အခမ်းအနား” ကို စက်တင်ဘာလ (၁၆) ရက်နေ့က ရန်ကုန်မြို့ရှိ INYA LAK EHOTEL တွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အမှုထမ်းရပ်ကွက် သာသနာ့ဗိမာန်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၅၇ ရပ်ကွက်၊ နောင်ရိုးလမ်းရှိ အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပြုလုပ်သည်။

ကော့မှူးတွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအားကျင်းပခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ်အတွင်းကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော​ရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇)နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမတွင် ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ် လူငယ်စင်တာတွင် တွေ့ဆုံပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့(YTD)တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဗိုလ်တထောင်ခရိုင်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆောင်ရွက်ရန် ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဗိုလ်တထောင်ခရိုင်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်ရန်အတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက သာကေတမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နေလည် (၁)နာရီချိန်၌အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်၌ နေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ နေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

FIFA / MFF U-19 Futsal Youth League 2025 ပြိုင်ပွဲတွင် Winner Soccer FC အသင်း ဗိုလ်စွဲ

FIFA / MFF U-19 Futsal Youth League 2025 ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် Winner Soccer FC အသင်းသည် ရမှတ် (၆၀)မှတ်ဖြင့်  ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး