ရန်ကင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ် ၈ ရက် နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက် သာသနာ့ဗိမာန်ဆွမ်းလောင်းဓမ္မာရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။