ရန်ကုန်တိုင်းဒေသကြီး

အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ထောက်ကြန့်)၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန၏ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety)ဟူသည့် ရည်မှန်းချက်အတိုင်း လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလွဲမသွေလိုက်နာနိုင်ရန်ရည်ရွယ်၍ အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းနှင့် တိုင်းဒေသကြီး(ရုံးခွဲ)မှ စစ်ဆေးရေးမှူး(၃) ဦးထက်မြတ်အောင်တို့သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်ဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ အမှတ်(၁၉)ရပ်ကွက် အောင်ဗောဓိဓမ္မာရုံနှင့် ဓမ္မဝိဟာရဓမ္မာရုံတို့၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို စက်တင်ဘာ ၉ ရက်နေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့က အ-ထ-က(၂)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကွမ်းခြံကုန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာ‌ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၊ သဲကုန်းတန်းကျေးရွာ အ-မ-က စာသင်ကျောင်းတို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုံခြုံရေးညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုံခြုံရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွံတေးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကံဘဲ့ကျေးရွာ၊ အရှေ့ပုဗ္ဗာရုံကျောင်းတိုက်ဘုရားတန်ဆောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။

လှည်းကူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (လေ့ကျင့်ရေး) ၌ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိ ပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆ ရပ်ကွက်များ၌ဆောင်ရွက်ခဲ့ကြသည်။

လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အင်းတိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး