စမ်းချောင်းမြို့နယ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ၂၀၂၅ ခုနစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စပယ်ခန်းမ၌ ကျင်းပသည်။