ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို စက်တင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံအထက်တန်းကျောင်း (ခွဲ) အ.လ.က (၂) တွင် ကျင်းပပြုလုပ်သည်။