ရန်ကုန်တိုင်းဒေသကြီး

လှည်းကူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ‌ အသိပညာ‌ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်များပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်၊ ထေရဝါဒဗုဒ္ဓစင်တာကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်က ဘုရားလမ်းရပ်ကွက်၊ မဟာဝိဇ္ဇောဒယ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်ကာ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းစောက်ကျေးရွာ၊ မအူခုံဘုန်းတော်ကြီးကျောင်း၊ ပန်းပင်တန်းကျေးရွာ ဝေဇယံတာဘုန်းတော်ကြီးကျောင်း၊ သစ်အင်းကျေးရွာ၊ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၊ ကျွန်းတောကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။

သာကေတမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း​နှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဉ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ Rover ဖူဆယ်အားကစားကွင်း၌ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မဲဆန္ဒရှင် ဆရာ၊ ဆရာမများ၊ ဒီဂရီကောလိပ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြောင်းတ ကာကျေးရွာအုပ်စု၊ ရိုးဝကျေးရွာတွင် ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယို clip ပြသခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယို clip ပြသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ၌ အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင် ကျင်းပပြု လုပ်သည်။

လှိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အ.မ.က(၂၀)မူလွန်ကျောင်းနှင့်အ.လ.က(၅)ကျောင်းတွင်ဆောင်ရွက်‌ခဲ့‌ကြောင်းသိရသည်။ 

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စီမံကိန်းရပ်ကွက်နေ ပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား ယနေ့နံနက် ၁၀ နာရီအချိန်က ရန်မျိုးအောင်စေတီတော် မဟာဓမ္မပါလဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး