ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စီမံကိန်းရပ်ကွက်နေ ပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား ယနေ့နံနက် ၁၀ နာရီအချိန်က ရန်မျိုးအောင်စေတီတော် မဟာဓမ္မပါလဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် AFC Womens Championship League (AWCL) 2025/2026 ၏ Preliminary Stage ပြိုင်ပွဲအုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

AFC Womens Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာ ဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်စခန်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွမ်းခြံရပ်ကွက်၊ ဘုရားသုံးဆူကျောင်းတိုက်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ရေဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရေဘေးအန္တရာယ်ကြောင်းအသိပညာပေးဟောပြောခြင်းကို ဩဂုတ် ၃၀ ရက်  နေ့လယ် ၂ နာရီ အချိန်တွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

တံတားမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယ‌နေ့နံနက် ၈ နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

သန်လျင်​မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သာယာကုန်း(ဘက)ကျောင်းနှင့် ရေနံမူလွန်ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌  စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဩဂုတ် ၃၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမျိုးသားစာပေဆုရအောင်စိုး(တိရစ္ဆာန်ဆေးကုဆရာ၀န်)ရေးသားသည့် “မြန်မာ့ယဉ်ကျေးမှု ဆယ်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ" စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ် မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၂/တောင်ရပ်ကွက်၊ မြန်မာ့မဏ္ဍိုင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သြဂုတ် လ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါမြို့နယ်  ၂ /တောင်ရပ်ကွက်၊ ရန်ပြေလမ်းမကြီးရှိ  ရန်အောင်မြင်ဓမ္မာရုံ၌ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဋ္ဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လင်း၊ အသင်းအမှုဆောင်အဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး