သာကေတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) နှင့် ကျောင်းပြင်ပမူလတန်း ပညာရေး (NFPE) စခန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) နှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စခန်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ရှုခင်းသာရပ်ကွက်၊ ဇေတဝန်စာသင်တိုက်တွင် ယမန်နေ့နံနက် (၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။