ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေး ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။

ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်‌ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။

လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်​ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွားကျန်းမာရေးစစ်ဆေးကုသပေး

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်​ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရာတွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိဘဲ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို တစ်ပြေးညီရရှိစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား သွားကျန်းမာရေးစစ်​ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်း​​ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။ 

သန်လျင်မြို့နယ် နတ်စင်ကုန်းအ.လ.က.ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက နတ်စင်ကုန်း အ.လ.က ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကွမ်းခြံကုန်းမြို့နယ် စျေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်စျေးနှုန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မစျေးတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ရွှေပြည်သာမြို့နယ်၌ ကိုယ်ပိုင်‌ကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှတို့ပူးပေါင်း၍ ကိုယ်ပိုင်ကျောင်းများနှင့်အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်အ.ထ.က(မြောင်းတကာ) ကျောင်းမြတ်လေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခဲ့ သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး