ရန်ကုန်တိုင်းဒေသကြီး

ရွှေပြည်သာမြို့နယ်၌ ကိုယ်ပိုင်‌ကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှတို့ပူးပေါင်း၍ ကိုယ်ပိုင်ကျောင်းများနှင့်အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်အ.ထ.က(မြောင်းတကာ) ကျောင်းမြတ်လေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခဲ့ သည်။

ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက်၊ အ.မ.ကကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများအားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနက စံပြရပ်ကွက်၊ အ.မ.ကကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့် ရှောက်မှုများအား ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရမ်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အ.ထ.က(ညောင်ပင်ကွင်း)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တ ရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့နံနက်(၉:၃၀)အချိန်က တုံးတင်ဂံ(တောင်)ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တုံးတင်ဂံ(မြောက်)ကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက (ည)ရပ်ကွက်၊ ဘုမ္မာ (၁၂)လမ်းထိပ်၊ သာသနာ့လင်းရောင်ခြည်ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ် အ.ထ.က(၂)တွံတေး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

​ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၏ပညာရည်ချွန်ဆုပေးပွဲကို သြဂုတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇)အနောက်ရပ်ကွက်၊ မြင်တော်သာလမ်းရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးအား တတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်ဦး‌ဆောင်သောအဖွဲ့မှ စေတီတော်ကြီး၏ရင်ပြင်တော်နှင့်အထက်ပစ္စယံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်ဦးညွန့်ဝေ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကြည်ဝင်းနှင့်အဖွဲ့ဝင်များမှလိုက်ပါ‌၍ ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး