ရန်ကုန်တိုင်းဒေသကြီး

မှော်ဘီမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများနှင့် ရုံးသို့ နိုင်ငံသားစိစစ်ရေးကဒ်လာရောက်ဆောင်ရွက်သူများအား UID နံပါတ်များ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ် ဦးစီးမှူးတို့၏ ဦးစီးဦးဆောင်ကြီးကြပ်မှုဖြင့် မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်စန်းစန်းဌေးနှင့် ဝန်ထမ်း(၆)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများအား ပင်စင်လာရောက်ထုပ်ယူသူများကို Biometric ကောက်ယူ ခြင်း၊ SmartCard များ ပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေခြင်းများကို နေ့စဉ်နံနက်ရုံးဖွင့်ချိန်ဆောင်ရွက်ပေးလျက်ရှိသည်။ 

လူထုအခြေပြု လူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ Sky Hotel တွင် ယနေ့နံနက်ပိုင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုလူမှုစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ (BookClub)အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “‌ခေါင်းဆောင်မှုနှင့်စီမံခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့‌ နေလယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း National Esports Championship ပြိုင်ပွဲနှင့် SKY NET 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဩဂုတ် ၂၄ ရက်နေ့က National Esports Championship ပြိုင်ပွဲနှင့် SKY NET 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယမန်နေ့တွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ(မဲစာရင်း)များ အချိန်မီပေးပို့နိုင်ရေအတွက် ကွန်ပျူတာအဆိုင်းများ ခွဲလျက်လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာ‌ကေတမြို့နယ်အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန ရုံးအစည်းအ‌ဝေးခန်းမတွင် ယမန်နေ့ နေလယ်(၁:၄၅)အချိန်၌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း(မဲစာရင်း)များအား သတ်မှတ်ပုံစံအတိုင်း အချိန်မီပေးပို့နိုင်ရေးအတွက် ကွန်ပျူတာအဆိုင်းများ ခွဲလျက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင် ခရိုင်‌ကော်မတီအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ ဒုတိယခရိုင်အုပ်ချုပ်‌ရေးမှူး ဒေါ်ခိုင်ကလျာစောတို့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်

 ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ စကားပုံဆက် ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ‌အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

အလုံမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွါးရေးဘဏ်၊ ကြည့်မြင်တိုင် (အလုံမြို့နယ်) တွင်အငြိမ်းစားဝန်ထမ်းများအား Biometric ကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအား ပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး

အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအား ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးစပါးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေသြဇာ (သွင်းအားစု) ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးစပါးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့်ဓာတ်မြေသြဇာ(သွင်းအားစု)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး